Hello Everybody ကျွန်တော် ဒီနေ့ နေ့ခင်းမှာ အချိန်ရတုန်းလေး
Tutorial အသစ် တစ်ခု တင်ပေးလိုက်ပါသည်။
ဒီ Tutorial လေးကတော့ Mac OS Mojave 10.14 ကို
VMware Workstation Pro 15.5 installation လုပ်တာကို
သင်ပေးထားတဲ့ Tutorial လေးပါ။ ကျွန်တော် 2017
လောက်တုန်းက Mac OS Snow Leopard ကို
Virtual Box မှာ တင်တဲ့ သင်ခန်းစာတွေတင်ပေး
ဖူးပါသည်။ အခု Mac OS Mojave 10.14 ကို
VMware Workstation Pro မှာ စမ်းသုံးချင်သူများအတွက်
ဒီ Tutorial လေးတင်ပေးလိုက်ပါသည်။
Mac OS Mojave 10.14 ကို VMware Workstation Pro
မှာ installation လုပ်ဖို့အတွက် VMware Workstation
Pro မှာ Mac OS Virtual Machine တွေ create
လုပ်နိင်အောင် unlocker tools တွေ နဲ့အရင်
Unlock လုပ်တဲ့ပုံစံမျိုး လုပ်ပေးရမှာဖြစ်ပါသည်။
Unlocker ပြုလုပ်ပုံတွေလဲ Tutorial ထဲ့
လမ်းညွန်ပေးထားပါသည်။ unlocker tools
အသုံးပြုချိန်မှာ မိမိ PC မှာ internet ရှိဖို့
လိုအပ်ပါသည်။ Mac OS VM create
လုပ်လို့ရပြီဆိုရင်တော့ Mac Mojave 10.14
OS image Download လုပ်ထားဖို့
လိုအပ်ပါသည်။ ပြန်စမ်းချင်သူများအတွက်
Mac Mojave 10.14 OS image တွေနဲ့
VMware Workstation Pro အတွက်
Unlocker tools တွေပါ ကျွန်တော်တို့
Website မှာ တင်ပေးသွားပါမည်။
Mac Mojave 10.14 image ကို
Download လုပ်တဲ့သူတွေများရင်
Link Error တက်သွားနိင်ပါသည်။
ဒါကြောင့် Download လုပ်ဖို့အချိန်
မရှိရင် မိမိ ရဲ့ Google Drive ထဲ့
Copy ကူးပြီသိမ်းထားဖို့အကြံဉာဏ်
ပေးလိုက်ပါသည်။ Mac Mojave 10.14
OS installation ပြုလုပ်ချိန်တွင် ကြုံရတဲ့
Date & Time Error တွေကို လဲ
Tutorial ထဲ့မှာပြောပြထားပါသည်။
ဒီ Tutorial လေးကို စိတ်ဝင်စားသူများ
တစ်ဆင့်ခြင်းဆီ သေချာမှတ်ပြီပြန်
စမ်းကြည့်ပါ။ Mac OS installation
ပြုလုပ်ရန် သဘောတရားတွေလဲ
နားလည်နိင်မှာဖြစ်ပါသည်။
Mac OS Mojave 10.14 ကို
VMware Workstation Pro မှာ
အသုံးပြုလိုရသွားခဲ့လျှင် 😀
IOS Device တွေ By Pass လုပ်သူ
များအတွက်လဲ အဖိုးတန်မှာဖြစ်ပါသည်။
သေချာလေးကြည့်၍ Note မှတ်ပြီ
Lab ပြန်စမ်းကြည့်ပါခင်ဗျာ။
Tutorial ကို You Tube ကနေ ကြည့်နိုင်သလို
ကျွန်တော်တို့ Facebook Page or Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
Zaw Gyi Version
=======
လမ်းညွန်ပေးထားပါသည်။ unlocker tools
လိုအပ်ပါသည်။ Mac OS VM create
ပေးလိုက်ပါသည်။ Mac Mojave 10.14
စမ်းကြည့်ပါ။ Mac OS installation
Mac OS Mojave 10.14 ကို
Mac OS Mojave 10.14 Installation on VMware Workstation Pro 15.5 Tutorial
Mac Mojave 10.14 OS Image Download
Mac OS VM unlocker for VMware Workstation Pro 15.5 Download