ပတ်သက်တဲ့ Application အသုံးပြုရင် အခုလိုမျိုး
ဖြစ်နေတာများပါသည်။
Unicode
====
Hello Everybody ကျွန်တော် ဒီနေ့ညနေ ခင်း အချိန်ရတုန်းလေး
Windows 10 or Server 2012 တွေမှာ အဖြစ်များတဲ့
.Net Framework 3.5 တောင်းတဲ့ system fix နည်းလမ်းလေး
တစ်ခုကို Tutorial လေး တင်ပေးလိုက်ပါသည်။
Windows 10 မှာ ဆိုရင် Microsoft .Net Framework 4.0
လောက်ကို တန်းပြီ သိတာများပါသည်။ အခုဖြစ်တာမျိုးက
Windows 10 မှာ .Net Framework 3.5 support နဲ့
Application တွေ install လုပ်ပြီလို့ run မည်ဆိုလျှင်
.Net Framework 3.5 လိုပါတယ်ဆိုပြီ ကိုယ် အသုံးပြုချင်တဲ့
Application တွေ အသုံးပြုလို့မရတာမျိုးကြုံဖူးကြမှာပါ။
Server 2012 မှာလဲ.Net Frame work 3.5 နဲ့
ပတ်သက်တဲ့ Application အသုံးပြုရင် အခုလိုမျိုူး
ပုံစံမျိုးပဲ ဖြစ်နေတတ်ပါသည်။ ဒီ Tutorial ထဲ့မှာ
.Net Framework 3.5 တွေကို
enable လုပ်ပုံကို သင်ပေးထားပါသည်။
ကိုယ် .Net Framework 3.5 Enable ပြုလုပ်မည့်
Windows 10 ဆို Windows 10 အခွေထည့်ထားရန်
လိုအပ်ပါသည်။ Server 2012 မှာ .Net Framework 3.5 Enable
ပြုလုပ်မည့်ဆိုပါက Server 2012 အခွေထည့်ထားရန်လိုအပ်ပါသည်။
ပြီးရင်တော့ သတ်မှတ်ထားတဲ့ .Net Framework 3.5 Enable
ပြုလုပ်တဲ့ Command ကို အသုံးပြုပေးရမှာဖြစ်ပါသည်။
ကျွန်တော်တို့ MITA က တင်ထားပေးတဲ့ Tutorial တွေကို
မလေ့လာခင် Website မှာ ရေးထားပေးတဲ့ သက်ဆိုင်ရာ
Tutorial ရဲ့ post မှာ လိုအပ်တာတွေ ဖတ်ပြီး မှ
လေ့လာမည်ဆိုလျှင် ပိုပြီး မြင်နိင်ပါသည်။
ကျွန်တော်ဆီ လာမေးတဲ့ Question တော်တော်များများက
ကျွန်တော်တို့ post တင်ကတည်းက ရှင်းပြထားပြီးသား
ဖြစ်နေတာများပါသည်။
Tutorial ကြည့်ပြီ Lab ပြန်စမ်းနိုင်အောင် Command Note တွေကို
ကျွန်တော်တို့ YouTube Page က
သက်ဆိုင်ရာ Tutorial အောက်က Description မှာ ရော
Website မှာပါ ထည့်ပေးထားပါသည်။
Tutorial ကို You Tube ကနေ ကြည့်နိုင်သလို
ကျွန်တော်တို့ Facebook Page or Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။
Command Note
=====
dism /online /enable-feature /featurename:NetFX3 /all /Source:d:\sources\sxs /LimitAccess
How to Enable .Net Framework 3.5 on Windows 10 or Server 2012
Leave a Reply
Your email address will not be published. Required fields are marked *