ဒီနေ့တော့ ကျွန်တော်တို့ MITA  မှ Mac OS ကို Virtual Box မှာ Installation
Video Tutorial လေးတင်ပေးလိုက်ပါတယ်။
Mac Os Installation လုပ်ဖို့အတွက် လိုအပ်တာတွေကတော့
Mac Os Snow_Leopard iso image, Hack Boot1 iso image,
Hack Boot 2 iso image,Virtual Box Software
System Requirement အနေနဲ့တော့
CPU 4 Generation Intel (R) Pentium (R) CPU G3220
CPU 4 Generation Intel Core i34370,
RAM-4GB
ကျွန်တော်တို့ စမ်းတာတော့ CPU က 4Generation တွေမှာပဲ
စမ်းဖြစ်တာပါ။ Generation အနိမ့် CPU တွေမှာလဲ
အလုပ်လုပ်နိုင်ပါတယ်။အနိမ့်ဆုံး Dual Core လောက်ထိရနိုင်လောက်ပါတယ်။
Mac Os ကို install စလုပ်ကြမယ်ဗျာ။
ပထမဦးဆုံး Mac Os Snow_Leopard iso ကို
 Virtual Box မှာ Boot လုပ်ကြည့်ပါ။
တစ်ချို့ PC တွေမှာကြတော့ Direct Boot အလုပ်လုပ်ပါတယ်။
တကယ်လို့ Direct Boot အလုပ်မလုပ်ဖူးဆိုရင်
Virtual Box မှာ Hack Boot1 iso နဲ့ အရင် Boot တက်ပါ။
ပြီးတော့မှာ Boot အလုပ်လုပ်ပြီးဆိုမှ Mac Os Snow_Leopard iso ကို
Virtual Box ထဲ့ ထည့်ပြီး Keyboard က F5 ကို နိုပ်ပြီး
ခေါ်လိုက်ပါ။ အဲဒါဆိုရင်တော့ Mac Os Snow_Leopard iso ကို Boot လုပ်နိုင်ပါပြီး။
ကျွန်တော်တို့ အခုတင်ပေးလိုက်တဲ့ Video Tutorial ထဲ့မှာတော့
Mac Os Snow_Leopard iso ကို Direct Boot လုပ်တဲ့
PC ဆိုတော့သိတ် အလုပ်မရှုပ်တော့ဘူးပေါ့ဗျာ။
Mac OS ကို Install လုပ်ပြီးဒါနဲ့
OS ကမတက်နိုင်သေးပါဘူး။
အဲဒီအခါ Hack Boot 2 iso ကို
အသုံးပြုပြီး Boot တက်ပြီး
OS တက်ဖို့အတွက် Boot ကို ထပ်ပြင်ပေးရပါမည်။
Video Tutorial ထဲ့မှာတော့ Hack Boot 2 iso ကို
အသုံးပြုပြီး OS boot တက်နိုင်အောင်ပြထားပါတယ်။
ဒီအဆင့်ထိပြီးရင်တော့ Hack Boot 2 iso
ကိုထုတ်ပြီး OS ကို Boot တက်နိုင်ပါပြီ။
ပုံမှန် Microsoft OS တွေတင်သလိုမျိုးတော့
မလွယ်ဘူးပေါ့ဗျာ။ ကျွန်တော်တို့တောင်
၁၀ကြိမ်လောက်စမ်းပြီးမှအဆင်ပြေတာပါ။ 
Mac Os Snow_Leopard iso image ကို
µTorrent ကlink ကိုပဲတင်ပေးထားပါတယ်။
အရင်ဆုံး µTorrent ကို Download လုပ်ထားပေါ့ဗျာ။
µTorrent ကို မရင်းနှီးသေးတဲ့သူတွေအတွက်
µTorrent Software ကော
µTorrent က နေ Download လုပ်နည်းပါ
Video Tutorial လုပ်ပြီး တင်ပေးထားပါတယ်။
Hack Boot1 iso, Hack Boot2 iso ကိုတော့
File size သေးပါတယ်။3.3MB လောက်ပဲရှိပါတယ်။
PCloud ကပဲတင်ပေးလိုက်ပါတယ်။
Virtual Box Software မရှိသေးသူများအတွက်
Oracle VM VirtualBox Site Link တွေ Share ပေးလိုက်ပါတယ်။
Mac Os Snow_Leopard iso image ကတော့
File Size 4GB လောက်ရှိပါတယ်။
လောလောဆယ် Download လုပ်လို့
အဆင်မပြေသေးရင် ကိုယ်ရဲ့ PCloudထဲ့မှာ
Save ထားပြီ အေးဆေး Download ပါခင်ဗျာ။
Download လုပ်လို့အဆင်မပြေသော
မိတ်ဆွေများ ကျွန်တော်တို့ Myanmar IT Academy
ကိုဆက်သွယ်ပြီး Free လာကူးနိုင်ပါတယ်ခင်ဗျာ။
ဒီ Video Tutorial ကို လေ့လာပြီး
Mac OS ကို Virtual Box မှာ
Installation လုပ်တာ အဆင်ပြေရင်တော့
Mac OS PC ကို ၀ယ်စရာမလိုပဲလေ့လာနိုင်ပြီးပေါ့ဗျာ။
နောက်ပြီ Mac OS installation အခြေခံသဘောတရားတွေ
နားလည်နိုင်ပါပြီ။ ကျွန်တော်တို့တင်ပေးလိုက်တဲ့ Video Tutorial လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီးဗျာ။




Leave a Reply

Your email address will not be published. Required fields are marked *