Hello everybody ကျွန်တော် ဒီတစ်ပတ်မှာတော့ Mikrotik CHR Router နဲ့ ပတ်သက်တဲ့
Tutorial တစ်ခုတင်ပေးလိုက်ပါသည်။CHR ဆိုတာကတော့ Cloud Host Router
Router ကိုဆိုလိုတာပါ။ ကျွန်တော် ပြီးခဲ့တဲ့ အပတ်တုန်းက Cisco CSR Router
1000v image ကို VMware Esxi 6.5 ပေါ်မှာ Deploy လုပ်ပြထားပြီးသားပါ။
ပြောပြချင်တာက software defined networking ဆိုတဲ့ အတိုင်း
Cisco CSR ,ASAv တွေလိုပဲ Mikrotik CSR တွေက
Virtualization or Cloud Base တွေ Run မည့် image တွေကိုဆိုလိုပါသည်။
ကျွန်တော် ဒီမှာ Esxi 6.5 နဲ့ပတ်သက်ပြီ တစ်ခုထပ်ပြောပြစရာရှိသည်။
ကျွန်တော် Esxi 6.5 ကို Browser Base နဲ့ အသုံးမပြုဘဲ VMware vSphere Client နဲ့
Manage လုပ်ပြီ Tutorial ထဲ့မှာ အသုံးပြုတာ သတိထားမိတဲ့သူတွေ
ရှိမှာပါ။ Esxi 6.5 မှာ VMware vSphere Client 6.5 support မပေးပဲ
Browser Base နဲ့သာ အသုံးပြုကြတာများကြသည်။ ကျွန်တော်ပြောပြ
ချင်တာက 6.5 မှာ လဲ VMware vSphere Client နဲ့ အသုံးပြုလို့ရပါသည်။
But Esxi 6.5 လောက်တော့ smooth မဖြစ်နိုင်ပါ။ Esxi 6.5 မှာ
VMware vSphere Client ကို အသုံးပြုချင်ရင် Esxi 6.0 အတွက်
ထုတ်ထားပေးတဲ့ VMware vSphere Client 6.0 Latest Version
ကို အသုံးပြုလျင် အဆင်ပြေပါသည်။ But ခုနက ကျွန်တော် ပြောသလို
Esxi 6.0 လောက်တော့ smooth မဖြစ်နိုင်ပါ လိုအပ်ချက်လေးတွေ
အနည်းငယ်ရှိပါသည်။ ဒီတစ်ခါတော့ Tutorial ထဲ့ အပြောင်းအလဲ
ဖြစ်သွားအောင် Esxi 6.5 ကို Browser Base နဲ့ အသုံးပြုထားပါသည်။
Mikrotik CHR image ကို Browser Base နဲ့ Deploy လုပ်ပြီး
Brower Base နဲ့ပဲ VM ကို Network Card တွေ ထည့်ပုံကို
သင်ပေးထားပါသည်။ အိုကေ Tutorial ကြည့်ပြီး Lab တွေ ပြန်စမ်းကြည့်ပေါ့ဗျာ။
Mikrotik တွေ OS Version တွေမြင့်ဖို့လဲ မမေ့ကြပါနဲ့ခင်ဗျာ။
6.39 Version သုံးနေတဲ့သူများ သတိထားကြပါ။
6.40.9 (Bugfix only) , 6.42.7 (Current),
အဲဒီ OS Version တွေ Update or Upgrade လုပ်ထားကြပါ။
နောက်ပြီးမှ ကျွန်တော်ရုံးက Mikrotik Router
Exploit လုပ်ခံထိတယ် ဘာညာ ဘာညာ အသံကြားရလို့ကတော့
စိတ်မကောင်းပါ 😀 ခံရပြီးသာမှတ် 😀 အိုကေ
Mikrotik Cloud Host Router 6.42.7 image မရှိသေးသူများအတွက်
Lab စမ်းနိုင်အောင် Download Link တွေကို
ကျွန်တော်တို့ YouTube Page က
သက်ဆိုင်ရာ Tutorial အောက်က Description မှာ ရော
Website မှာပါ ထည့်ပေးထားပါသည်။
ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။
Mikrotik Cloud Host Router 6.42.7 Deploy in VMware Esxi 6.5 Video Tutorial
Mikrotik Cloud Host Router 6.42.7 OVA Image Download